ယောရှုမှတ်စာ 1:15
သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:20ထိုအခါမောရှေက``သင်တို့ကတိတည် မည်ဆိုလျှင် ထာဝရဘုရားရှေ့တော်၌ စစ်ချီတိုက်ရန်အသင့်ပြင်လော့။-
Deuteronomy 9:1``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။-
Joshua 22:4ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
1 Corinthians 13:5မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။-
Galatians 6:2အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
Philippians 2:4မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။-