ယောရှုမှတ်စာ 1:5
ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 39:2ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
Deuteronomy 7:24ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-
Deuteronomy 20:4သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
Deuteronomy 31:8ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။
Joshua 1:9သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
Joshua 3:7ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။-