ယောရှုမှတ်စာ 1:7
အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 27:23ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။
Deuteronomy 5:32``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
Deuteronomy 28:14ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
Deuteronomy 29:9သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
Joshua 1:1ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
Joshua 11:15ထာဝရဘုရားသည်မိမိ၏အစေခံ မောရှေအားမိန့်မှာတော်မူခဲ့သည်အတိုင်း မောရှေသည်ယောရှုအားတစ်ဆင့်မိန့်မှာ ခဲ့၏။ ယောရှုကလည်းမောရှေမိန့်မှာသည် အတိုင်းဆောင်ရွက်၏။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူခဲ့သမျှ တို့ကိုယောရှုလိုက်နာဆောင်ရွက်လေသည်။