ယောရှုမှတ်စာ 1:8
ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:63ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-
Deuteronomy 5:29သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
Deuteronomy 6:6ယနေ့သင်တို့အားငါပေးသောပညတ်တော် များကို မည်သည့်အခါမျှမမေ့နှင့်။-
Deuteronomy 17:18ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-
Deuteronomy 29:8သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
Deuteronomy 30:14ထိုတရားတော်သည်ဤနေရာ၌သင်တို့ နှင့်အတူရှိ၏။ သင်တို့သိသောတရား၊ သင် တို့ရွတ်ဆိုနိုင်သောတရားဖြစ်၏။ ထို့ကြောင့် ထိုတရားတော်ကိုသင်တို့ယခုလိုက်နာ ကြလော့။