ယောရှုမှတ်စာ 10:39
သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 3:3``သို့ဖြစ်၍ထာဝရဘုရားသည် သြဃဘုရင် နှင့်သူ၏လူအပေါင်းတို့ကိုငါတို့၏လက်သို့ အပ်သဖြင့် ငါတို့သည်တစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်ခဲ့ကြ၏။-
Joshua 10:37သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
Joshua 11:8ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-
1 Samuel 15:3သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
2 Kings 10:11ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။