ယောရှုမှတ်စာ 11:20
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Cross References
Exodus 9:16သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
Exodus 14:8ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
Deuteronomy 2:30``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
Deuteronomy 20:16``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
Judges 14:4သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
2 Samuel 17:14အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။