ယောရှုမှတ်စာ 11:22
ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 10:41ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
Joshua 15:47ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
1 Samuel 5:1ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-
2 Samuel 21:16ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။-
1 Chronicles 8:13ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။-
1 Chronicles 29:4ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-