ယောရှုမှတ်စာ 13:14
မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
Common Language Bible
In The King James Version
In Context
15မောရှေသည်ရုဗင်အနွယ်ဝင်မိသားစုတို့ အားနယ်မြေခွဲဝေပေးခဲ့၏။-
Cross References
Numbers 18:20ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
Deuteronomy 12:12ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
Deuteronomy 18:1``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။-
Joshua 14:3မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-
Ezekiel 44:28``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-