ယောရှုမှတ်စာ 13:16
သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
Common Language Bible
In The King James Version
In Context
15မောရှေသည်ရုဗင်အနွယ်ဝင်မိသားစုတို့ အားနယ်မြေခွဲဝေပေးခဲ့၏။-
Cross References
Numbers 21:26ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။-
Numbers 32:33ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
Joshua 12:2သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
Joshua 14:3မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-
Judges 11:26ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
Isaiah 15:4ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-