ယောရှုမှတ်စာ 13:25
သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။-
Common Language Bible
In The King James Version
In Context
24မောရှေသည်ဂဒ်အနွယ်ဝင်မိသားစုတို့အား လည်းနယ်မြေခွဲဝေပေးခဲ့၏။-
Cross References
Numbers 21:26ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။-
Numbers 32:35အာတရုတ်ရှောဖန်မြို့၊ ယာဇာမြို့၊ ယုမ္ဘေဟ မြို့၊-
Deuteronomy 3:11(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
Judges 5:17ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။ အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
2 Samuel 11:1ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
2 Samuel 24:5သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-