ယောရှုမှတ်စာ 13:26
သူတို့၏နယ်မြေသည်ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့နှင့်ဗေတောနိမ်မြို့တိုင် အောင်လည်းကောင်း၊ မဟာနိမ်မြို့မှလိုဒီဗာ နယ်စပ်တိုင်အောင်လည်းကောင်းကျယ်ပြန့်သည်။-
Common Language Bible
In The King James Version
And from Heshbon unto Ramath-mizpeh, and Betonim; and from Mahanaim unto the border of Debir;
In Context
Cross References
Genesis 31:49လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။-
Joshua 20:8ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
Judges 10:17ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
Judges 11:29ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
2 Samuel 9:4မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။-
1 Kings 22:3အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-