ယောရှုမှတ်စာ 13:27
ယော်ဒန်မြစ်ဝှမ်းတွင်တည်ရှိသောဗေသာရံ မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့များ နှင့်ဟေရှဘုန်မင်းရှိဟုန်ပိုင်နက်မှကျန်သော နယ်မြေများပါဝင်သည်။ သူတို့နယ်မြေ အနောက်နယ်နိမိတ်သည်ယော်ဒန်မြစ်တစ် လျှောက်မြောက်ဘက်ဂါလိလဲအိုင်အထိ ဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:3``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
Numbers 34:11ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
Joshua 11:2မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
Judges 8:5ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။
1 Kings 7:46မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။-