ယောရှုမှတ်စာ 13:5
ဂေဗလအမျိုးသားတို့၏ပြည်၊ ဟေရမုန် တောင်၏တောင်ဘက်ရှိဗာလဂဒ်မြို့မှဟာ မတ်တောင်ကြားအထိ၊ အရှေ့ဘက်တွင် တည်ရှိသောလေဗနုန်ပြည်အားလုံးတို့ ကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 1:7စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
Joshua 11:17ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-
1 Kings 5:18ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။
Isaiah 10:9ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
Amos 6:2ကာလနေမြို့သို့သွားပြီးရှုလော့။ ထိုမှ တစ်ဖန်ဟာမတ်မြို့သို့လည်းကောင်း၊ ဖိလိတ္တိ မြို့ဂါသသို့လည်းကောင်းသွားဦးလော့။ ထို နိုင်ငံများသည်ယုဒနှင့်ဣသရေလနိုင်ငံ တို့ထက်သာသလော။ သူတို့နယ်မြေသည် သင်တို့နယ်မြေထက်ပို၍ကျယ်သလော။-