ယောရှုမှတ်စာ 13:8
ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:19ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
Deuteronomy 3:8``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။-
Joshua 4:12ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေအနွယ်တစ် ဝက်တို့သည်မောရှေမှာကြားခဲ့သည့်အတိုင်း အခြားဣသရေလအမျိုးသားတို့ရှေ့က လက်နက်စွဲကိုင်၍ချီတက်ကြသည်။-
Joshua 22:4ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-