The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 14 › ယောရှုမှတ်စာ 14:1

ယောရှုမှတ်စာ 14:1

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-

Common Language Bible

In The King James Version

And these are the countries which the children of Israel inherited in the land of Canaan, which Eleazar the priest, and Joshua the son of Nun, and the heads of the fathers of the tribes of the children of Israel, distributed for inheritance to them.

In Context

2ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။-

Read all of ယောရှုမှတ်စာ 14

Cross References

Numbers 34:17``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

Joshua 13:6သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

Joshua 21:1လေဝိ​အ​နွယ်​မိ​သား​စု​ခေါင်း​ဆောင်​တို့​သည် ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​နေ​ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​အ​ပေါင်း​တို့​၏​မိ​သား​စု​အ​ကြီး​အ​ကဲ တို့​ထံ​သို့​ချဉ်း​ကပ်​၍``ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​မြို့​များ​နှင့်​အ​ကျွန်ုပ် တို့​၏​သိုး​နွား​များ​အ​တွက် ယင်း​မြို့​များ​ပတ် ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ်​မှတ်​ပေး ရ​မည်​ဟူ​၍ မော​ရှေ​မှ​တစ်​ဆင့်​မိန့်​မှာ​တော် မူ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

Ezekiel 45:1ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 14:1

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
ယောရှုမှတ်စာ 14ယောရှုမှတ်စာ 14:2 →