ယောရှုမှတ်စာ 15:7
ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Joshua 4:19လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
Joshua 7:24ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။-
Joshua 10:38ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဒေဗိရမြို့သို့ပြန်လာ၍ထိုမြို့ကို တိုက်ခိုက်ကြသည်။-
Joshua 15:15သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
1 Kings 1:9တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။-
Hosea 2:5သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။