ယောရှုမှတ်စာ 17:11
မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 16:9ထို့အပြင်မနာရှေပိုင်နယ်မြေထဲမှမြို့ ရွာအချို့တို့ကိုလည်းအပိုင်ရရှိကြ သည်။-
Judges 5:19ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
1 Samuel 31:10ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။
1 Kings 4:11ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
1 Kings 9:15ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-