ယောရှုမှတ်စာ 18:6
နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 33:54ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
Joshua 14:2ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည့်အတိုင်း ယော်ဒန်မြစ်အနောက် ဘက်ရှိနယ်မြေကိုဣသရေလအနွယ်ကိုး နွယ်နှင့်အနွယ်တစ်ဝက်တို့အားမဲချ ၍ခွဲဝေပေးလေသည်။-
Joshua 18:10ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
Proverbs 16:33စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
Acts 13:19ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-