ယောရှုမှတ်စာ 2:14
ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:49သင်တို့သည်ကျွန်ုပ်၏သခင်အတွက်ကရုဏာ ပြတော်မူလျက်သစ္စာကတိအတိုင်းဆောင်ရွက် နိုင်မည်၊ မဆောင်ရွက်နိုင်မည်ကိုသိပါရစေ။ မဆောင်ရွက်နိုင်ဟုဆိုလျှင်လည်းသိပါရစေ။ သို့မှသာကျွန်ုပ်မည်ကဲ့သို့ဆက်လက်ဆောင်ရွက် ရမည်ကိုဆုံးဖြတ်နိုင်ပါမည်'' ဟုပြောလေ၏။
Numbers 10:29မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
Joshua 6:22ထိုနောက်ယောရှုသည်ထိုပြည်ကိုထောက်လှမ်း ခဲ့သောသူလျှိုနှစ်ယောက်တို့အား``သင်တို့သည် ပြည့်တန်ဆာမအားကတိပေးခဲ့သည့်အတိုင်း သူ့အိမ်သူအိမ်သားတို့ကိုခေါ်ဆောင်ခဲ့လော့'' ဟု စေခိုင်းလေ၏။-
Judges 1:24မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကိုမြင် ကြ၏။ သူတို့ကထိုသူအား``မြို့ထဲသို့ဝင်ရန် ငါတို့အားလမ်းပြမည်ဆိုလျှင်သင့်ကိုငါ တို့အဘယ်သို့မျှအန္တရာယ်ပြုမည်မဟုတ် ပါ'' ဟုပြောကြ၏။-
2 Samuel 2:5ထိုသူတို့ထံသို့လူအချို့ကိုစေလွှတ်၍``သင် တို့သည်ရှောလု၏အလောင်းကိုသင်္ဂြိုဟ်ကြ ခြင်းအားဖြင့် မိမိတို့၏ဘုရင်အားသစ္စာ စောင့်ပုံကိုဖော်ပြကြပေသည်။ သို့ဖြစ်၍ ထာဝရဘုရားသည်သင်တို့အားကောင်း ချီးပေးတော်မူပါစေသော။-
2 Samuel 9:1ဒါဝိဒ်က``ရှောလု၏မိသားစုထဲမှကျန်ကြွင်း သူတစ်စုံတစ်ယောက်ရှိပါသေးသလော။ ရှိခဲ့ လျှင်ငါသည်ယောနသန်၏မျက်နှာကိုထောက် သောအားဖြင့်သူ့အားကျေးဇူးပြုလိုသည်'' ဟုမိန့်တော်မူ၏။