ယောရှုမှတ်စာ 2:18
သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
Common Language Bible
In The King James Version
In Context
17ထိုအခါသူတို့က``ငါတို့သည်သင့်အား ပေးသောကတိတည်စေမည်။-
Cross References
Genesis 12:2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Exodus 12:13သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။-
Numbers 4:8ထိုပစ္စည်းများအားလုံးတို့ကိုအနီထည် ဖြင့်ဖုံးအုပ်၍ ထိုအနီထည်ပေါ်တွင်နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ရမည်။ ထို နောက်ထမ်းပိုးများကိုကွင်းများတွင် လျှိုထားရမည်။
Joshua 2:12ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
Joshua 6:23ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။-
Esther 8:6ကျွန်တော်မ၏အမျိုးသားချင်းများသည် ဤဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရလျက် ကျွန်တော်မ၏ဆွေမျိုးအရင်းအချာများ သည်လည်းအသတ်ခံကြရပါမူကျွန်တော် မသည်အဘယ်သို့ရှုစိမ့်နိုင်ပါအံ့နည်း'' ဟုလျှောက်လေ၏။