ယောရှုမှတ်စာ 2:3
ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 42:9သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
Leviticus 24:14``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
Judges 4:20ထိုနောက်သိသရက``သင်သည်တဲတံခါးဝ ၌စောင့်နေပါလော့။ အကယ်၍တဲထဲတွင်လူ တစ်စုံတစ်ယောက်ရှိပါသလောဟုမေးမြန်း လာသူရှိပါက`မရှိပါ' ဟုပြန်ပြောပါ လေ'' ဟုယေလအားမှာထားလိုက်၏။
1 Chronicles 19:3အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
John 19:4ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။-
Acts 12:6ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။-