bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 22 › ယောရှုမှတ်စာ 22:26
ယောရှုမှတ်စာ 22:26
ငါတို့သည်ယဇ်ပလ္လင်ကိုတည်ဆောက်ရခြင်း မှာ ယဇ်နှင့်သကာများကိုမီးရှို့ပူဇော်ရန် အတွက်မဟုတ်ပါ။-
Common Language Bible
In The King James Version
Therefore we said, Let us now prepare to build us an altar, not for burnt offering, nor for sacrifice:
In Context
25ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
27ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
Read all of ယောရှုမှတ်စာ 22
Cross References
Joshua 22:29ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
Isaiah 19:19ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
This Verse In Other Editions
Study ယောရှုမှတ်စာ 22:26