ယောရှုမှတ်စာ 23:4
ငါသည်အရှေ့ဘက်ယော်ဒန်မြစ်မှအနောက် ဘက်မြေထဲပင်လယ်သို့တိုင်အောင် တိုက်ခိုက် သိမ်းယူပြီးသောနိုင်ငံသားအားလုံးနှင့် တကွသိမ်းယူရန် ကျန်ရှိနေသေးသော နိုင်ငံများကိုသင်တို့၏အနွယ်များအား ခွဲဝေသတ်မှတ်ပေးခဲ့ပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 13:6သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
Zephaniah 3:6ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-