ယောရှုမှတ်စာ 24:10
သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:11ဗာလက်ကအီဂျစ်ပြည်မှလာသောလူမျိုး တစ်မျိုးသည် မြေမျက်နှာပြင်အနှံ့အပြား သို့ရောက်ရှိနေကြောင်း၊ ထိုသူတို့ကိုတိုက်ခိုက် နှင်ထုတ်နိုင်ရန်အကျွန်ုပ်အား သူတို့ထံသို့ သွား၍ထိုသူတို့ကိုကျိန်ဆဲပါမည့် အကြောင်းအကြောင်းကြားလိုက်ပါသည်'' ဟုလျှောက်ထားလေသည်။
Numbers 22:35ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။
Numbers 23:15ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
Numbers 24:10ထိုအခါဗာလက်ဘုရင်သည်အမျက်ထွက်သဖြင့် လက်သီးများကိုဆုပ်လျက်ဗာလမ်အား``အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့သည်။ သို့ရာတွင်ကိုယ်တော်သည်သူတို့ ကိုသုံးကြိမ်တိုင်အောင်ကောင်းချီးပေးလေပြီ။-
Isaiah 54:17သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။