The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 24 › ယောရှုမှတ်စာ 24:27

ယောရှုမှတ်စာ 24:27

ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-

Common Language Bible

In The King James Version

And Joshua said unto all the people, Behold, this stone shall be a witness unto us; for it hath heard all the words of the LORD which he spake unto us: it shall be therefore a witness unto you, lest ye deny your God.

In Context

26ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။-

28ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​ကို ပြန်​ခွင့်​ပြု​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​၏ နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ​သည်။

Read all of ယောရှုမှတ်စာ 24

Cross References

Deuteronomy 4:26ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

Deuteronomy 31:19သင်​သည်​ယ​ခု​ဤ​သီ​ချင်း​ကို​ရေး​သား​လော့။ ယင်း​သီ​ချင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တစ်​ဘက်​၌ ငါ​၏​သက်​သေ​ဖြစ်​စေ​ခြင်း ငှာ​ထို​သီ​ချင်း​ကို​သူ​တို့​အား​သင်​ပေး လော့။-

Deuteronomy 31:26``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

Joshua 22:27ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-

Joshua 22:34ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​ဤ​ယဇ်​ပလ္လင်​သည်​ငါ​တို့​၏​သက်​သေ​ဖြစ် ပါ​စေ​သော'' ဟု​ဆို​လျက်​ထို​ယဇ်​ပလ္လင်​ကို ``သက်​သေ'' ဟု​မှည့်​ခေါ်​ကြ​လေ​သ​တည်း။

Job 31:23ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 24:27

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယောရှုမှတ်စာ 24:26ယောရှုမှတ်စာ 24ယောရှုမှတ်စာ 24:28 →