ယောရှုမှတ်စာ 3:16
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 14:3ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
Exodus 14:29ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။
Numbers 34:3တောင်ဘက်နယ်နိမိတ်သည်ဇိနတောကန္တာရ မှ ဧဒုံပြည်နယ်စပ်တစ်လျှောက်ဖြစ်၏။ ထို နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက်စွန်း အရှေ့ဘက်မှအစပြုရမည်။-
Deuteronomy 3:17သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''
Joshua 4:22သင်တို့ကဣသရေလအမျိုးသားတို့သည် ယော်ဒန်မြစ်ကိုခြောက်သွေ့သောမြေပေါ် ဖြတ်ကူးခဲ့ကြောင်းကိုပြောကြားလော့။-
Joshua 12:3ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။