ယောရှုမှတ်စာ 4:14
ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 14:31သူတို့သည်ထာဝရဘုရားကအနန္တ တန်ခိုးတော်ဖြင့် အီဂျစ်အမျိုးသားတို့ အားနှိမ်နင်းလိုက်သည်ကိုတွေ့မြင်သဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလာ ကြကုန်၏။ ထာဝရဘုရားနှင့်ထာဝရ ဘုရား၏ကျွန်မောရှေတို့ကိုယုံကြည် ကိုးစားလာကြ၏။
Joshua 1:17မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
1 Samuel 12:18ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-
2 Kings 2:15ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
2 Chronicles 30:12ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
Romans 13:4အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-