ယောရှုမှတ်စာ 4:3
ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
2``ဣသရေလတစ်နွယ်လျှင်တစ်ဦးကျဖြင့် တစ်ဆယ့်နှစ်ယောက်ကိုရွေးချယ်၍၊-
4ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊-
Cross References
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Joshua 3:13ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
Joshua 4:19လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
1 Samuel 7:12ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
Psalms 103:2အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။