ယောရှုမှတ်စာ 4:6
ဤကျောက်တုံးများသည်ထာဝရဘုရား ပြုတော်မူသောအမှုတော်ကို လူတို့အား သတိရစေမည့်အထိမ်းအမှတ်ဖြစ်သည်။ နောင်အခါ၌သင်တို့၏သားသမီးများ က`ဤကျောက်တုံးများသည်မည်သည့်အဋ္ဌိပ္ပါယ် ကိုဆောင်ပါသနည်း' ဟုမေးမြန်းလျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:14ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
Exodus 13:9ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
Deuteronomy 6:20``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
Joshua 4:21ထိုနောက်သူသည်ဣသရေလအမျိုးသား တို့အား``နောင်အခါ၌သင်တို့၏သားသမီး တို့ကဤကျောက်တုံးများသည် မည်သည့် အဋ္ဌိပ္ပါယ်ကိုဆောင်ပါသနည်းဟူ၍သင် တို့အားမေးမြန်းကြလျှင်၊-
Psalms 44:1အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။