ယောရှုမှတ်စာ 4:9
ယောရှုသည်ယော်ဒန်မြစ်လယ်တွင်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရောဟိတ် များရပ်သည့်နေရာ၌လည်း ကျောက်တုံးတစ် ဆယ့်နှစ်တုံးကိုစိုက်ထူထား၏။ (ထိုကျောက် တုံးများသည်ထိုနေရာတွင်ယနေ့တိုင် တည်ရှိ၏။-)
Common Language Bible
In The King James Version
In Context
Cross References
Genesis 28:18ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
Exodus 28:21ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
Joshua 24:26ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။-
1 Samuel 7:12ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
2 Samuel 4:3ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
2 Chronicles 5:9ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-