ယောရှုမှတ်စာ 6:19
ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 19:24စတုတ္ထနှစ်တွင်သီးသောအသီးရှိသမျှကို ငါထာဝရဘုရားအားကျေးဇူးတင်သည့် အနေဖြင့်ဆက်ကပ်ရမည်။-
2 Samuel 8:11ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။
1 Kings 14:26ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
1 Chronicles 18:11ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
1 Chronicles 26:26ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ဘုရားသခင်အားဒါဝိဒ်မင်းကြီး၊ အိမ်ထောင် ဦးစီးများ၊ သားချင်းစုခေါင်းဆောင်များနှင့် စစ်တပ်အရာရှိများဆက်ကပ်ထားသည့်လှူ ဖွယ်ပစ္စည်းများကိုတာဝန်ယူ၍ထိန်းသိမ်း ရကြ၏။-
1 Chronicles 26:28ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ပရောဖက်ရှမွေလ၊ ရှောလုမင်း၊ နေရ၏သား အာဗနာနှင့်ဇေရုယာ၏သားယွာဘတို့ယူ ဆောင်လာသော လှူဖွယ်ပစ္စည်းများအပါအဝင် ဗိမာန်တော်တွင် အသုံးပြုရန်ဆက်ကပ်လေ သမျှသောအရာတို့ကိုတာဝန်ယူ၍ထိန်း သိမ်းရကြ၏။