The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 6 › ယောရှုမှတ်စာ 6:22

ယောရှုမှတ်စာ 6:22

ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-

Common Language Bible

In The King James Version

But Joshua had said unto the two men that had spied out the country, Go into the harlot’s house, and bring out thence the woman, and all that she hath, as ye sware unto her.

In Context

21သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။

23ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-

Read all of ယောရှုမှတ်စာ 6

Cross References

Joshua 2:14ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

Joshua 9:15ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။

Judges 1:25ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-

2 Samuel 21:7ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-

Ezekiel 17:13ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-

Ezekiel 17:18ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 6:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယောရှုမှတ်စာ 6:21ယောရှုမှတ်စာ 6ယောရှုမှတ်စာ 6:23 →