ယောရှုမှတ်စာ 7:5
အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 1:44ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
Joshua 2:11ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။-
Psalms 22:14ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
Ezekiel 21:7သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။