ယောရှုမှတ်စာ 7:6
ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 37:29ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
Numbers 14:6ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊-
Numbers 16:45``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-
Judges 21:2သို့ဖြစ်၍ယခုဣသရေလအမျိုးသားတို့ သည်ဗေသလမြို့သို့သွား၍ ဘုရားသခင် ၏ရှေ့တော်၌ညနေချမ်းအချိန်တိုင်အောင် ထိုင်လျက်၊-
2 Samuel 1:2နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-