ယောရှုမှတ်စာ 8:2
သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 3:2သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
Joshua 6:21သူတို့သည်မြို့တွင်း၌ရှိသမျှသောယောကျာ်း၊ မိန်းမအကြီးအငယ်တို့ကိုလည်းကောင်း၊ သိုး၊ နွား၊ မြည်းတို့ကိုလည်းကောင်း၊ ဋ္ဌားဖြင့်သတ် ဖြတ်သုတ်သင်ကြ၏။
Joshua 8:9ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
Joshua 8:14အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-
Joshua 8:24ဣသရေလတပ်သားတို့သည်ကွင်းပြင်ဒေသ ၌ ရန်သူများကိုတစ်ယောက်မကျန်သတ်ဖြတ် ပြီးနောက် အာဣမြို့ထဲသို့ပြန်ဝင်လာ၍ကျန် ရှိသူရှိသမျှကိုသုတ်သင်လိုက်ကြလေသည်။-
Joshua 9:3ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-