ယောရှုမှတ်စာ 8:20
အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 19:28သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
Judges 20:41ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-
Psalms 48:5ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။
Isaiah 34:10ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။-
Revelation 6:15ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-
Revelation 19:3တစ်ဖန်ထိုသူတို့၏``ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းကြလော့'' ထိုမြို့မှမီးခိုးတို့သည် ထာဝစဉ်လွင့်တက်လျက်ရှိ၏'' ဟုကြွေးကြော် ကြပြန်၏။-