ယောရှုမှတ်စာ 8:29
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 21:23ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
Joshua 10:27နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
Joshua 10:33ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။
2 Samuel 18:17သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
Psalms 107:40ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။