ယောရှုမှတ်စာ 8:31
ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:24ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
Exodus 24:5ထိုနောက်သူသည်ဣသရေလအမျိုးသားလူ ငယ်တို့ကိုခိုင်းစေသဖြင့်၊ သူတို့သည်နွားများ ကိုသတ်၍ထာဝရဘုရားအားမီးရှို့သော ယဇ်၊ မိတ်သဟာယယဇ်ကိုပူဇော်လေ၏။-
Deuteronomy 27:5သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုမခုတ်မထစ်သောကျောက် ဖြင့်တည်ရမည်ဖြစ်သောကြောင့် ထိုအရပ် တွင်သံတန်ဆာပလာဖြင့်မခုတ်ထစ်သော ကျောက်ဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်။-
Joshua 1:8ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
1 Kings 18:31သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
2 Kings 22:8ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-