ယောရှုမှတ်စာ 9:20
ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 21:1ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
Proverbs 20:25ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
Ezekiel 17:15သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
Zechariah 5:3ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
Malachi 3:5ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
1 Timothy 1:10အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-