The Bible Software
bible.software › ရှင်ယုဒဩဝါဒစာ › ရှင်ယုဒဩဝါဒစာ 1 › ရှင်ယုဒဩဝါဒစာ 1:12

ရှင်ယုဒဩဝါဒစာ 1:12

သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-

Common Language Bible

In The King James Version

These are spots in your feasts of charity, when they feast with you, feeding themselves without fear: clouds they are without water, carried about of winds; trees whose fruit withereth, without fruit, twice dead, plucked up by the roots;

In Context

11သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-

13ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။

Read all of ရှင်ယုဒဩဝါဒစာ 1

Cross References

2 Chronicles 7:20ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။

Psalms 1:3ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။

Psalms 78:29သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။

Isaiah 56:10ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

Ezekiel 34:2ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-

Ezekiel 34:10ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယုဒဩဝါဒစာ 1:12

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ရှင်ယုဒဩဝါဒစာ 1:11ရှင်ယုဒဩဝါဒစာ 1ရှင်ယုဒဩဝါဒစာ 1:13 →