တရားသူကြီးမှတ်စာ 1:10
ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 1
Cross References
Numbers 13:22ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
Joshua 14:15ဟေဗြုန်မြို့၏နာမည်ဟောင်းမှာအာဘမြို့ ဖြစ်သတည်း။ (အာဘသည်အာနကအမျိုး သားတို့၏ခေါင်းဆောင်ကြီးဖြစ်၏။) ထိုနောက်တိုင်းပြည်တွင်ငြိမ်းချမ်းသာယာ လျက်ရှိသတည်း။
Judges 1:20မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-
Ecclesiastes 9:11တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။