တရားသူကြီးမှတ်စာ 11:2
မယားနှင့်ရသောသားများလည်းရှိ၏။ ထို သူတို့သည်ကြီးပြင်းလာသောအခါ ယေ ဖသအားနေအိမ်မှနှင်ထုတ်လိုက်ကြ၏။ သူတို့က``သင်သည်အခြားမိန်းမနှင့်ရ သောသားဖြစ်သဖြင့် ငါတို့ဖခင်၏အမွေ ကိုခံရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
Common Language Bible
In The King James Version
In Context
1သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
Read all of တရားသူကြီးမှတ်စာ 11
Cross References
Genesis 12:10ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။-
Deuteronomy 23:2``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
Proverbs 5:3အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊
Proverbs 6:24ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။