တရားသူကြီးမှတ်စာ 11:35
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 11
Cross References
Genesis 37:34ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
Leviticus 27:28ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
Numbers 30:2တစ်စုံတစ်ယောက်သောသူသည်ထာဝရ ဘုရားအား တစ်စုံတစ်ခုကိုဆက်သရန် ကတိပြုလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ရာကိုရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော် လည်းကောင်း ထိုသစ္စာကတိကိုမချိုးဖောက် ရ။ ကတိသစ္စာပြုထားသည့်အတိုင်းတစ် သဝေမတိမ်းဆောင်ရွက်ရမည်။
Joshua 7:6ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
1 Samuel 14:44ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။
2 Samuel 18:33မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။