တရားသူကြီးမှတ်စာ 11:39
နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 11
Cross References
Deuteronomy 12:31သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
1 Samuel 1:11ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
1 Samuel 1:24သူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။-
1 Samuel 2:18ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
Isaiah 66:3လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-