bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 13 › တရားသူကြီးမှတ်စာ 13:7
တရားသူကြီးမှတ်စာ 13:7
သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
Common Language Bible
In The King James Version
But he said unto me, Behold, thou shalt conceive, and bear a son; and now drink no wine nor strong drink, neither eat any unclean thing: for the child shall be a Nazarite to God from the womb to the day of his death.
In Context
6ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
8ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
Read all of တရားသူကြီးမှတ်စာ 13
Cross References
Amos 2:11ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။-
This Verse In Other Editions
Study တရားသူကြီးမှတ်စာ 13:7