တရားသူကြီးမှတ်စာ 14:12
ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 14
Cross References
Genesis 29:27သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
1 Kings 10:1ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
2 Kings 5:22ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
Psalms 49:4ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
Ezekiel 17:2ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-
Matthew 6:19``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-