တရားသူကြီးမှတ်စာ 15:11
ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 15
Cross References
Deuteronomy 28:13သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
Judges 13:1ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
1 Chronicles 4:3ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
Psalms 106:41ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့် ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။