တရားသူကြီးမှတ်စာ 16:15
သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 16
Cross References
Genesis 29:20ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
Judges 14:16ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
2 Samuel 16:17အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
Proverbs 2:16အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
Proverbs 23:26ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
John 14:15``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။-