တရားသူကြီးမှတ်စာ 16:2
ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 16
Cross References
Judges 15:18ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
1 Samuel 23:26ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
Matthew 21:38သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
Acts 9:24သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
2 Corinthians 11:32ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-