တရားသူကြီးမှတ်စာ 17:13
မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
Then said Micah, Now know I that the LORD will do me good, seeing I have a Levite to my priest.
In Context
Read all of တရားသူကြီးမှတ်စာ 17
Cross References
Judges 18:24မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
Isaiah 44:20သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
Matthew 15:9သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။
John 16:2သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
Romans 10:2သူတို့သည်ဘုရားသခင်အား အလွန်ကြည်ညို သူများဖြစ်ကြောင်းကိုငါအာမခံနိုင်၏။ သို့ သော်သူတို့၏ကြည်ညိုမှုနည်းလမ်းသည်မှန် သောအသိပညာအပေါ်၌မတည်။-